လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

27 February, 2012

အချစ်သင့်သူ

မယုံကြည်ချင်သေးဘူး ...
စီရင်ချက်  ချပြီးသား  အမှု  တစ်ခုကို
လိုက်ဖို့ ကြိုးစားနေတဲ့  ရှေ့နေ  တစ်ယောက်လိုပဲ ။   ။

ပန်းတွေ  ပွင့်ဖို့
အကြိမ်ကြိမ်  ဆုတွေတောင်းနေပေမဲ့
ကန္တာရထဲက  သူတစ်ယောက်  အတွက်တော့
မဖြစ်နိုင်ပါဘူးလေ ...။     ။

မျှော်လင့်ခြင်းတွေ
တဖြုတ်ဖြုတ်  ကြွေကျသွားတဲ့
ငါ့ စိတ်  သစ်ပင်တွေ
စိမ်းလန်းဖို့  မိုးစက်တွေကို  မမျှော်လင့်တော့ပေမဲ့
ဒီနွေခေါင်ခေါင်ထဲ  ပင်အိုတို့နှင့်  အပြိုင်
ငါ  တစ်ယောက်တည်း  ရှင်သန်ရတယ် ...။   ။

ရှေ့ဆက်ဖို့  ခြေလှမ်းတွေ
ဟိုအရင်တုန်းကလောက်  မသွက်လက်တော့ပေမဲ့
ဖြည်းဖြည်းနှင့်  မှန်မှန်ပဲပေါ့ ချစ်သူ ...။   ။

ပေးဆပ်ခြင်း  မဟုတ်ခဲ့ပေမဲ့
ဝေးကွာပြီးတဲ့နောက်
တောင့်တဖူးတဲ့  စကားလုံး  အချို့ကို
မေ့ပစ်ရတဲ့  ယောကျာင်္း တစ်ယောက်  အနေနဲ့ကတော့
အငွေ့သေ  အပြုံး  တစ်ပွင့်ကတော့
ထင်ကျန်နေခဲ့သေးတယ်  ချစ်သူရယ် ...။   ။