သတိရတယ် အတိတ်နဲ့ နင်...
အရူးမူးချစ်ခဲ့ကြတယ်
နှလုံးသားနဲ့ မခံစားဘဲ
ဦးနှောက်ကိုဦးစားပေးခဲ့တဲ့ငါ့ကို
ခုချိန်မှာ မေ့လို့နေမလား
အဖြစ်ပျက်တွေက မြန်လွန်းတယ်
မနေ့တစ်နေ့ကမှ ငါ့အနားနင်ရှိသေးတယ်
ရောက်လေရာနေရာတိုင်းမှာ
တွေးမိတဲ့အတွေးတိုင်း
ဆိုမိတဲ့သီချင်းတိုင်း
နင့်အငွေ့အသက်တွေရှိနေတတ်လွန်းလို့
နင့်အငွေ့အသက်မပါဘဲ
တခဏလောက်
အသက်ဝဝရှူချင်လာမိတယ်...
တစ်မိနစ်
နှစ်မိနစ်
သုံးမိနစ်
ဟာ ...
ငါ့အသက်ရှူသံတွေ ရပ်တန့်သာသွားတယ်
နင့်အငွေ့အသက်မပါပဲ
ငါအသက်ရှူလို့ မရဘူးဆိုတာသိလိုက်ရတော့
ငါမငိုဘူး မျက်ရည်တော့ကျဖြစ်တယ်။
No comments :
Post a Comment