ငါရောက်ရှိနေတဲ့ ထောင့်တိုင်းအတွက်
barring မလိုအပ်ဘူး
compss လည်းမပါလာခဲ့ဘူး
ဘာပဲဖြစ်ဖြစ်
ငါရောက်ရှိနေတဲ့နေရာဟာ
ငါ့နေရာပါပဲ....။
ဓူဝံရှိရာမြောက်စူးစူး
အရပ်ကိုမှန်းပြီး
အိမ်အပြန်လမ်းကို
ငါမှန်းပြီး
ခရီးဆက်ခဲ့မယ်...။
အပြောကျယ်တာထက်
ငါ့သမုဒ္ဒရာကပိုနက်ရှိုင်းမြင့်မားနေတယ်
ခေါ်သံတွေကို ငါမစောင့်ခဲ့ဘူး....။
မဏိမေခလာလည်း လာမကယ်နဲ့
မဟာဇနထုံးတော့ ငါလည်းနှလုံးမူထားတာပဲ
ငါးလိပ်မကန်းတို့အစာဟာ ငါမဖြစ်စေရဘူး
ဘုရားအလောင်းတော့ ငါမဟုတ်သေးပါ...။
No comments :
Post a Comment