လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

11 April, 2012

မမြဲခြင်းတရားကိုသိရဲ့သားနဲ့
အသင်လူသားရယ်
ဘာကြောင့်အတ္တတွေကို တောင်လိုပုံ
အပိုတွေလုပ်မနေပါနဲ့ကွာ ...။     ။

 ငါတို့သေရင်အမည်ပဲကျန်ခဲ့မယ်
ဘယ်လိုအမည်ကိုယူမလဲ
ကိုယ့်နဲ့ဆိုင်တဲ့အမည်တော့ရမယ်
မပူပါနဲ့လူကလူကိုဆုံးဖြတ်ပေးလိမ့် မယ်  ..။     ။
 
လူငယ်ဘဝတော့လူတိုင်းမှာရှိတယ် ...
ငါလည်ရှိခဲ့ဖူးတယ်
အခုထိရူးမနေနဲ့တော့
ငါတို့ပတ်ဝန်းကျင်လှပဖို့
ငါတို့ခံစားချက်ကို သိက္ခာနဲ့ထိန်းကြပါစို့ ...။     ။
 
 
 
     *** လွမ်းနေမင်း ***