လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

09 April, 2012

အချစ်နဲ့ ပတ်သတ်တဲ့ အချက် (၅) ချက်

၁ ။ သူမရဲ့ မျက်ဝန်းတွေကြောင့် (သို့မဟုတ် ) 
သူမရဲ့ နှုတ်ခမ်းတွေကြောင့် (သို့မဟုတ်) 
သူမရဲ့ ခန္ဓာကိုယ်အလှကြောင့် ချစ်တာဆိုရင်

*- အဲဒါအချစ်မဟုတ်ပါဘူး ။ တပ်မက်မှု တဏှာသာလျှင်ဖြစ်လိမ့်မယ် ။

 
၂ ။ သူမရဲ့ ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်မှုကြောင့် (သို့မဟုတ် ) 
သူမရဲ့ ဘ၀အရည်အသွေးတွေကြောင့် ချစ်တာဆိုရင်

*- အဲဒါအချစ်မဟုတ်ပါဘူး လေးစားသဘောကျခြင်းသာဖြစ်တယ် ။

 
၃ ။ သင်ထွက်ခွာဖို့ ကြိုးစားတိုင်း သူမအကြိမ်ကြိမ်ငိုကြွေးခဲ့လို့ ချစ်မိတာဆိုရင်

*- အဲဒါအချစ်မဟုတ်ပါဘူး သနားဂရုဏာသက်ခြင်းသာဖြစ်တယ် ။

 
၎ ။ သူမဟာ သင့်ကို စာကျက်ဖို့ နဲ့ အိပ်ဖို့မေ့နေအောင်တောင် ဖမ်းစားနိုင်ခဲ့လို့ ချစ်မိတာဆိုရင်

*- အဲဒါအချစ်မဟုတ်ပါဘူး ရူးသွပ်စွဲလမ်းမှုသာဖြစ်တယ် ။

 
၅။တကယ်တော့အချစ်ဆိုတာသင်ဘာကြောင့်သူ့ကိုဘယ်အချိန်မှာစွဲလမ်းသွားရသလဲဆိုတာ                                                    
သင်ကိုယ်တိုင် တောင်မသိနိုင်တဲ့အရာတစ်ခုပေါ့ ။   အချစ်မှာ - - -
 သူ့အကြောင်းပြချက်နဲ့သူရှိတယ်  . ..
 ပြီးတော့ အဲဒီအကြောင်းပြချက်ကိုလည်း ဘယ်သူမှ တိတိကျကျမသိကြဘူး ။
 
                                                        သက်တန့်ချို (ဘာသာပြန်ခံစားထားပါသည်)