ကိုယ်ဖြစ်ကိုယ်ခံကိုယ်နန်းကိုယ်စံ ကိုယ့်ဇာတ်ကိုယ်သိမ်းရမည် ဖြစ်သောကြောင့်..
သတိပြု ရန်.............
03 May, 2012
“ ရင်နာစရာ ”
ကျားဆွဲခံရတာ အဆန်းမှ မဟုတ်တာပဲ။
တရားရုံးမှာ အပြိုင်အဆိုင် အမွေလုကြရင်း၊
ဘိုးဘွားပိုင်အမွေတွေ တစထက်တစ
လျော့နည်းပပျောက်သွားတတ်တာ အဆန်းမှ မဟုတ်တာပဲ။
သို့ပေမယ့်လေ----
ငါ့နယ်မြေ၊ သူ့နယ်မြေဆိုပြီး ရှိပြီးသား မြေပုံပေါ်မှာ အရေးအကြောင်းတွေကို သွေးမှင်နဲ့ဆွဲကောင်းနေကြတုန်း၊
ခွေးအတွေက မြေပုံရဲ့
အနားစလေးတွေကို ဖဲ့စားပစ်လိုက်ကြတဲ့အခါ.....။
တမြေတည်းမွေးသူတွေ အချင်းချင်းကျတော့ မြေတလက်မ၊
အာဏာတပဲသားအတွက် ဓားဆွဲကြ၊ သေနတ်ဆွဲကြ၊
နိုင်ငံတကာမျက်နှာစာမှာ သူ့ဘက်၊
ကိုယ့်ဘက်ခွဲလို့ အပြိုင်အဆိုင်ဟစ်ကြနဲ့ လက်မနှေး၊ ပါးစပ်မနှေးကြသူတွေ၊
တိုင်းတပါးသားတွေက
ပြည်ပအချုပ်အခြာအာဏာကို ထိပါးလာတာကျတော့ခေါင်းကလေးတွေငုံ့လို့ ရေငုံနှုတ်ပိတ်နေကြတာကို တွေ့မြင်လာရတဲ့အခါ...။
မြန်မာကိုနိုင်လေပြီလို့
ပြောဆိုသံတွေကို အံကြိတ်ရင်း နားထောင်လိုက်ရတဲ့အခါ....။
ဧည့်ခန်းထဲက မဟာဗန္ဓုလ ရုပ်ပုံလေးကိုတောင်
မကြည့်ရဲ၊ ကြည့်ရဲ ဖြစ်လာသလိုလိုနဲ့
တောက်- ရင်နာလိုက်တာကွာ။
ခင်မမမျိုး (၁၆၊ ၃၊ ၂၀၁၂)
Labels:
ကဗျာ
01 May, 2012
အ၇ိုးသားဆုံး ကဗျာ
သူ့ နဲ့ စတွေ့ လာမှ
ကျွန်တော့်၇ဲ့ ၇င်ခုန်သံတွေ ဟာ
စည်းချက်မှန်လာတယ်လို့ဆို၇င်
ခင်ဗျားတို့ တွေ ...ယုံကြည်ပေးပါ့ မလား မသိဘူး ?
ကျွန်တော် သူ့ ကိုချစ်ခဲ့ ခြင်းမှာ
စည်းစိမ် ဥစ္စာ ဘယ်လို ဂုဏ် ပကာသနမျိုးမှ
မပါဝင်ခဲ့တာတော့ သိပ်ပြီး သေချာတယ်.....
ထူးခြားတဲ့ ဆွဲဆောင်မှု မျိုးတွေနဲ့  မဟုတ်ပဲ
ကျွန်တော့်၇ဲ့ ၇င်ခုန်သံကို
စစ်မှန်စွာ နိုးထစေခဲ့တာဟာ သူပဲ
( ဒါဟာ သူ့ ၇ဲ့  အချစ်ကြောင့်ပဲ မဟုတ်လား?)
တစ်ခုတော့ ၀န်ခံစ၇ာ၇ှိတယ်
ကျွန်တော် သူ့ ကို မြင်မြင်ချင်းချစ်ခဲ့တာ မဟုတ်ဖူး
ကြည့်နေ၇င်း ကြည့်နေ၇င်းနဲ့ ပဲ
ကျွန်တော်၇င်ထဲကို ဘယ်လိုေ၇ာက်လာခဲ့မှန်းမသိလိုက်တာပါ.....
ဒါပေမယ့် ချစ်တယ်ဗျာ
သ၇မှ....ချစ်သောသူသို့ 
သူ့ နဲ့ စတွေ့ လာမှ
ကျွန်တော့်၇ဲ့ ၇င်ခုန်သံတွေ ဟာ
စည်းချက်မှန်လာတယ်လို့ဆို၇င်
ခင်ဗျားတို့ တွေ ...ယုံကြည်ပေးပါ့ မလား မသိဘူး ?
ကျွန်တော် သူ့ ကိုချစ်ခဲ့ ခြင်းမှာ
စည်းစိမ် ဥစ္စာ ဘယ်လို ဂုဏ် ပကာသနမျိုးမှ
မပါဝင်ခဲ့တာတော့ သိပ်ပြီး သေချာတယ်.....
ထူးခြားတဲ့ ဆွဲဆောင်မှု မျိုးတွေနဲ့  မဟုတ်ပဲ
ကျွန်တော့်၇ဲ့ ၇င်ခုန်သံကို
စစ်မှန်စွာ နိုးထစေခဲ့တာဟာ သူပဲ
( ဒါဟာ သူ့ ၇ဲ့  အချစ်ကြောင့်ပဲ မဟုတ်လား?)
တစ်ခုတော့ ၀န်ခံစ၇ာ၇ှိတယ်
ကျွန်တော် သူ့ ကို မြင်မြင်ချင်းချစ်ခဲ့တာ မဟုတ်ဖူး
ကြည့်နေ၇င်း ကြည့်နေ၇င်းနဲ့ ပဲ
ကျွန်တော်၇င်ထဲကို ဘယ်လိုေ၇ာက်လာခဲ့မှန်းမသိလိုက်တာပါ.....
ဒါပေမယ့် ချစ်တယ်ဗျာ
သ၇မှ....ချစ်သောသူသို့ 
Labels:
ကဗျာ
Subscribe to:
Comments
(
Atom
)