ခိုကိုးစရာ ၊ ရှာသော်မတွေ့
ရွေ့ရွေ့ဖြတ်သန်း ၊ သစ်တန်းမမြင်
လွင်ပြင်ခရီး ၊ ညည်းညှုပန်းဟိုက်
ပျံသန်းလိုက်နှင့် ၊ အသိုက်မဲ့သော ငှက်ငယ်ပါ ။ ။
အထီးကျန်မို့ ၊ သည်းထန်ညှိုးနွမ်း
အပန်းဖြေလို ၊ နေအညိုမှာ
ခိုဝင်စရာ ၊ အရိပ်ရှာစဉ်
သစ်တစ်ပင်တွေ့ ၊ စိတ်ချမ်းမြေ့သည်
ကြည်မွေ့စရာ ၊ ဖြစ်မည်ထင် ။ ။
သည်အပင်ထက် ၊ မှေးစက်နားခို
နေညိုမှောင်မိုက် ၊ အိပ်စက်ခိုက်တွင်
ကောင်းကင်ထစ်ကြိုး ၊ သန်းခေါင်မိုးသည်
အညိုးကြီးစွာ ၊ ရီာသောခါမှ
အိပ်ရာနိုးထ ၊ မိုးရေစဖြင့်
မြရွက်မဝေ ၊ ပင်ခြေပြိုင်းပြိုင်း
အကိုင်းငေါက်ငေါက် ၊ ရိုးတံခြောက်မှာ
ကွန်းထောက်ကွယ်ရစ် ၊ သည်အဖြစ်ကို
စင်စစ် နားလည်လိုက်တကား ။။ ။။
26 January, 2012
အချစ်ဦး
တစ်သက်တခါ တစ်လွှာတစ်ရွက်
တစ်ခက်ဆီ တစ်ပွင့် ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲ ရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်ကလေးပဲ မြတ်နိုးမယ် ...။ ။
တစ်ခက်ဆီ တစ်ပွင့် ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲ ရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်ကလေးပဲ မြတ်နိုးမယ် ...။ ။
25 January, 2012
ဓါတ်ပုံလေး
မိုးလုံလေလုံ နှလုံးအိမ်ထဲမှာ
သိမ်းထားတဲ့ ဓါတ်ပုံလေး
သတိရတိုင်း ထုတ်ကြည့်မိတယ်
ကြည့်လိုက်တိုင်း ဆွေး
ငါကဓါတ်ပုံလေး ကိုငေး
ဓါတ်ပုံလေးက ငါ့ကိုငေး
ကြည့်ရင်း လွမ်းတယ်...
Labels: ကဗျာ,
ရဲသွေးနှင်းချစ်သူ
မျက်စိကိုမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည် ...။ ။
အလွန်ဝေးကွာသည့် အရပ်ကို ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတတ်ပါသည်...။ ။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်ပါသည် ... ။ ။
သေဆုံးသည်အထိ ....
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
ချစ်သူသာဖြစ်၏ .... ။ ။
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည် ...။ ။
အလွန်ဝေးကွာသည့် အရပ်ကို ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတတ်ပါသည်...။ ။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်ပါသည် ... ။ ။
သေဆုံးသည်အထိ ....
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
ချစ်သူသာဖြစ်၏ .... ။ ။
Labels:
ကဗျာ
20 January, 2012
ဝေဒနာ
- တစ်ကြိမ်တစ်ခါသာတွေ့ခဲ့ရပေမယ့် လွမ်းဆွတ်မှုက မီးလိုလောင်တယ် သတိရမှုက ကြီးမားတယ် သိရဲ့လား............ သူအလိုလိုရှာတယ် တမ်းတမှုက လွန်လွန်ကဲကဲ သူမသိနိုင်ပါဘူး ရင်က ဝေဒနာ တဆစ်ဆစ်ကိုက်ခဲ စာနာနိုင်မလား ဖြေသိမ့်ကာတွေးနေပေမယ့် ပျောက်သောသူရှာရင် တွေ့သတဲ့ သြော်.............
မရေတွက်နိုင်သော အလွမ်းများ...!
အေးချမ်းတဲ့ဆောင်းညလေးမှာ
နွေးထွေးတဲ့အနမ်းလေးတွေကို
တမ်းတနေမိခဲ့ပေမယ့် ရက်စက်ခဲ့တဲ့ချစ်သူကတော့
ထားရစ်ခဲ့ပြီလေ...။ ။
ကဗျာတွေကို ငါမရေးတတ်ခဲ့ပေမယ့်
အခုတော့နင် သင်ပေးခဲ့ပြီနော်....
(အလွမ်းကဗျာတွေကို)..။ ။
အချိန်တန်ရင် အိမ်ပြန်ရမယ်ဆိုပေမယ့်
အချိန်မတန်သေးတဲ့ ငါ့အချစ်ကို
နင် ဘာလို့ခွဲးခွာသွားခဲ့ရတာလဲ ချစ်သူ..။ ။
အချစ်အိမ်းလေးမှာ အတူတူနေချင်ပေမယ့်
မဖြစ်နိုင်တော့တဲ့ ဘ၀နှစ်ခုက
ကမ္ဘာခြားထားသလိုပဲ ဝေးကွာလွန်းခဲ့ပါပြီ ။ ။
ငါဟာကြယ်စင်လေးဖြစ်ခဲ့မယ်ဆိုရင်တောင်
အေးမြတဲ့အလင်းကိုပေးစွမ်းနိုင်မယ့်
လမင်း လေးကတော့ ငါ့အတွက် ပျောက်ကွယ်သွားခဲ့ပါပြီ ။ ။
ဂုဏ်ဒြပ်တွေကို မက်မေားတတ်တဲ့
နင့်ရဲ့ဟန်ဆောင်တတ်တဲ့ သစ္စာတရားကြာမှာ
လှောင်ပိတ်မိခဲ့တဲ့ ငါ့ဘဝ
တကယ်တော့ ကြေကွဲစရာကောင်းလွန်းပါတယ် ချစ်သူ ။ ။
နင့်ဘက်ကပြီးဆုံးပြီဆိုပေမယ့်
မမေ့နိုင်တဲ့ငါ့ဘက်က နှလုံးသားနွမ်းကြေစွာနဲ့
ရှုံးနှိမ့်ခဲ့ရပြီပေါ့နော်.......။ ။
လွမ်းမိခဲ့တဲ့အချိန်တွေတိုင်းမှာသာ
ငါအတွက် ကြယ်လေးတွေဖန်ဆင်းပေးခဲ့မယ်ဆိုရင်
ကောင်းကင်ပေါ်မှာရှိနေတဲ့ ကြယ်စင်လေးတွေလိုပဲ
မရေတွက်နိုင်တော့ပါဘူး ချစ်သူ ရယ် ။ ။
Subscribe to:
Posts
(
Atom
)